Posts

တန်ဖိုးရှိသော မိန်းကလေးတွေက ရှားတယ်

တန်ဖိုးရှိသော မိန်းကလေးတွေက ရှားတယ်  - - - - - - - - - - - - - - - - - - - - - - - - - - - - - တစ်ချို့ကပြောကြတယ် မိန်းမ မရှားဘူးတဲ့ "ကျနော်အတွက်တော့ အရမ်းရှားတယ်" ကိုယ်မပြည့်စုံတဲ့အချိန် အနားမှာ ရှိပေးနိုင်တဲ့ မိန်းကလေး ရှားတယ်။ ကိုယ့်အပေါ် သစ္စာတရား တည်မြဲနိုင်တဲ့ မိန်းကလေး ရှားတယ်။ ကိုယ့်ရဲ့ နောက်ကွယ်မှာ အနေတည်ငြိမ်ပြီး မဖောက်ပြန်တဲ့ မိန်းကလေး ရှားတယ်။ ကိုယ့်ရဲ့  အားငယ်ချိန်ရော ပျော်ရွှင်ချိန်မှာပါ တူတူမျှဝေခံစားပေးတဲ့ မိန်းကလေး ရှားတယ်။ ကိုယ်ဆိုးနေချိန် လိမ်မာအောင် စိတ်ရှည်လက်ရှည် ပြုပြင်ပေးတတ်တဲ့ မိန်းကလေး ရှားတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို အပြစ်မတင်ပဲ ဂရုစိုက်ပေးတတ်တဲ့ မိန်းကလေး ရှားတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း လိုက်လျောညီထွေ နေပေးနိုင်တဲ့ မိန်းကလေး ရှားတယ်။ မိခင်တစ်ယောက်လို ကြင်နာမှု ပေးနိုင်တဲ့ မိန်းကလေး ရှားတယ်။ ကိုယ့်ထက်သာနေတာ မြင်ရင်တောင် ကိုယ့်ကိုပဲ ရွေးချယ်တဲ့ မိန်းကလေး ရှားတယ်။ အမြဲတမ်း ကိုမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ့်ဘက်ကို ရပ်တည်ပေးတဲ့ မိန်းကလေး ရှားတယ်။ ဘယ်အရာမဆို သူများသွေးထိုးနေတာထက် ကိုယ့်ပြောတဲ့စကားကိုပဲ ယုံကြည်ပေးတဲ့ မိန်းကလေး ရှားတယ်။ ခင်ဗျာတို့ ...

တန်ဖိုး

တန်ဖိုး ❀ ❀ ❀  တစ်ခါတုံးက ရွာတစ်ရွာ မှာ ရေထမ်း တဲ့လူ တစ်ယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။ အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်း ကနေ သူ့အိမ်ဘက် ရေသယ် လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်၀က် ပဲ ပါသတဲ့။ ကျန်တဲ့ အိုးတစ်လုံး ကတော့ အပြစ် အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်း ကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။ ဒီလိုနဲ့ အိမ်ရောက်ရင် အိုး တစ်လုံး နဲ့ တစ်၀က် ပဲ... ရေသယ် လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုး အကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူ သတဲ့။ ငါက အပြစ် အနာအဆာ မရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။  အက်နေတဲ့ အိုးကလေး က စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများ လို အပြည့်မသယ်နိုင်ဘူး... တစ်၀က်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲ ၀မ်းနည်း နေတယ်တဲ့။ ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေး က ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ရှက်မိပ...

စိတ်ကောင်းထားပါ

❝ စိတ်ကောင်းထားပါ ❞ စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။ ဘာမှမပိုင်ရင်တောင် ဒီတစ်ခုကိုတော့ ပိုင်အောင် လုပ်သင့်ပါတယ်။ ဒေါသနဲ့ ဝေးဝေးနေပါ။ ဒေါသက နာကျင် မှုတွေပေးလို့ပါ။ သင်ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုရောပေါ့။ တစ်မိနစ်ဒေါသထွက်ရတိုင်း စက္ကန့် (၆ဝ)စာ  ပျှော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။ ကိုယ်ကမှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ။ တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင်လည်း  ကိုယ်ကဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို  နားလည်လိုက်ပါ။ မိသားစုဝင်တွေအပေါ် သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်။ တခြားသူတွေအပေါ် သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွှန်းတယ်။ ကိုယ့်ကိုယ်ကို သည်းခံနိုင်ခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှုရှိတာကို ဖော်ညွှန်းတယ်။ အခြေအနေတွေကို အလိုက်သင့်သည်းခံခြင်းဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းကို  ဖော်ညွှန်းတယ်။ အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့။ မျက်ရည်တွေပဲ ကျလာရင်  ကိုယ်ပဲ ဝမ်းနည်းရမယ်လေ။ အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့။ စိုးရိမ်ကြောက်ရွံ့မှုတွေ အားငယ်မှုတွေက သင့်ကိုနှိပ်စက်လာလိမ့်မယ်။ ပစ္စုပ္ပန် လက်ရှိအချိန်မှာ အကောင်းဆုံးစိတ်ထား အကောင်းဆုံးအလုပ...

ဘ၀ကို အရုံးမပေးနဲ့...

ဘဝကို အရှုံးမပေးနဲ့........ ( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် ) ********************************* လောကကြီးမှာ ရည်ရွယ်ချက်အတွက်  ပန်းတိုင်ကို ရောက်အောင် လျှောက်နေသေးသ၍ သင်မှန်တယ်...။ လေတိုက်တိုင်း လွင့်နေရအောင်  သစ်ရွက်ခြောက်မှ မဟုတ်တာ....။ အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင်  ကိုယ့်မျက်ရည်နဲ့ကိုယ်တောင်  ကမ်းမမြင် လမ်းမမြင်  လွင့်မျောနေလောက်ပြီ.....။ ချောက်တိုင်း ကြောက်ရရင်လည်း  ဒီကမ္ဘာမှာ နေစရာ နေရာတောင်  ရှိမှာမဟုတ်တော့သလို  ကြောက်တိုင်း ပြေးရရင်လည်း  ကမ္ဘာ့အပြင်ဘက်တောင်  ရောက်နေလောက်ရောပေါ့.....။ ပုံသေနည်း မရှိတဲ့ဘဝ  သမိုင်းစာမျက်နှာပေါ်မှာ အမှားပေါင်း သောင်းခြောက်ထောင်  အဖျက်ရာတွေ ဗလပွနဲ့ ဘယ်သူမှ ဒဏ်ရာနဲ့တော့ မကင်းဘူး....။ ဒီလိုပဲ... မှားသွားလိုက်  ပြန်ပြင်လိုက်၊ လဲကျလိုက်  ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို  လှမ်းကိုင်ကြတာပဲလေ....။ အမေက လမ်းလျှောက်တတ်အောင် သင်ပေးခဲ့တယ်။ လောကကြီးက နေတတ်အောင်  သင်ပေးလိမ့်မယ်။ ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား....။ ငယ်ငယ်က အကြိမ်ကြိမ်  လဲကျခဲ့တာတောင် ပြန်ထပြီး ဒီနေ့အ...

ပညာ

စိတ်ဓာတ် ယုတ်မာသူ အတွက် ပညာတတ်ခြင်းဟာ အလကားပဲ… မျော်လင့်ချက် မရှိသူအတွက် မနက်ဖြန် ဆိုတာ အလကားပဲ… သင်္ခန်းစာ မယူတတ်သူအတွက် အတွေ့ကြုံ ဆိုတာ အလကားပဲ… ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက် ကူညီပေးမှု့ဟာ အလကားပဲ… အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက် ခေါင်းဆောင် ဆိုတာ အလကားပဲ… ခံစားချက် မရှိသူ အတွက် နှလုံးသား တစ်စုံဟာ အလကားပဲ… မကြိုးစားသူ အတွက် အခွင့်အရေး ဆိုတာ အလကားဘဲ… နှမြောတွန့်တိုတတ်သူ အတွက် ချမ်းသာခြင်းဟာ အလကားပဲ… စိတ်ထားယုတ်သူ အတွက် ရုပ်လှခြင်းဟာ အလကားပဲ… မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက် ဆရာကောင်းဟာ အလကားပဲ… ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက် ပေါများခြင်းဟာ အလကားပဲ… ကုသိုလ်မပြုသူ အတွက် ဘဝဖြစ်တည်ခြင်းက အလကားပဲ… ပိုင်ဆိုင်ခွင့် ရတိုင်း ပျော်ရွှင်ရမယ် မထင်နဲ့ လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်… ဆုံးရှုံးသွားတိုင်း ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့ မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်… အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့ တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင် မကြည်နိူင်ရင် ရှုံးတာပါပဲ… အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင် အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ… စွန်...

အရှုံးမပေးနဲ့ကြိုးစား

`ဘဝအတွက် ခွန်အားဖြစ်စေသော စာစုများ´   💪💪💪💪💪💪💪💪💪💪💪💪💪 - အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။ - ပြဿ     နာတစ်ခုတွေ့တိုင်း ဖြေရှင်းတတ်ပါစေ။ - အခက်အခဲတွေ့တိုင်း စိတ်ဓာတ်မကျပါနဲ့။ - ဒုက္ခဆိုတာ သုခအတွက် ပထမရှေ့ပြေး။ - မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်။ - လောကဓံကို ကြံ့ကြံ့ခိုင်နိုင်မှ   လူ့ဘဝဆိုတာ ဖြောင့်ဖြူ းတာပါ။ - အပြေးသမားတစ်ယောက်က အမောမခံနိုင်ပဲ   ပန်းတိုင်ရောက်အောင် မပြေးနိုင်ဘူးလေ။ - လူ့ဘဝကလည်း ဒီလိုပဲ   မောပန်းခြင်းကို အကြောင်းပြ   ရောက်တဲ့နေရာ ရပ်နေသရွေ့   လျှင်မြန်ပါဆိုတဲ့ 'ယုန်' ကို   'လိပ်' ကတောင် အနိုင်ယူသွားသေးတာပဲ။ - ရှေ့ကလူကို နောက်ကလူက   လိုက်မှီတယ်ဆိုတာ အဲဒီ့လူကပဲ မြန်တာလား   ရှေ့ကလူကပဲ ရပ်နေတာလား စဉ်းစားကြည့်ပါ။ - ဘယ်ကိစ္စမဆို မှားမှာမကြောက်နဲ့   ရှုံးမှာမကြောက်နဲ့   ကြောက်တတ်တဲ့စိတ်ကိုပြင်    စိတ်ဓာတ်ကို အမြဲမြှင့်တင်ပါ။ - ဘဝကိုမြှင့်မှ တိုးတက်တာပါ   ဘဝင်မြင့်ရင်တော့   အောက်ကျလိမ့်မယ် သတိထား။ - ဘာကြောင့်ဖြစ်ဖြစ် အားမငယ်ပါနဲ့   စိတ်ဓာတ်မကျပါနဲ့ ဒါပေမယ့်...   လောကကြ...

ဖန်ဆင်းရှင်

ဖန်ဆင်းရှင်ကြီးဟာ.. တစ်နေ့မှာ နွားတစ်ကောင် ဖန်ဆင်းလိုက်သတဲ့။ ပြီးတော့ နွားကိုပြောတယ်။ "မင်းလယ်ထဲမှာ တစ်နေကုန်  လယ်သမားတွေအတွက် လယ်ထွန်ပေးရမယ်။မြက်ပဲစားရမယ်။  မင်းကို သက်တမ်း နှစ် ၅၀ပေးမယ်" ဆိုတော့.. နွားက ကန့်ကွက်တယ်။ "ကျွန်တော် အဲ့လောက် ပင်ပင်ပန်းပန်းလုပ်ရပြီးမှ  မြက်ပဲစားရမယ် ဆိုတော့ သက်တမ်း ၂၀ပဲယူပါ့မယ်။  ပိုတာ ပြန်သိမ်းထားလိုက်ပါ" ဖန်ဆင်းရှင်က သဘောတူလိုက်တယ်။ &&&&& နောက်တစ်ရက်မှာ မျောက်တစ်ကောင်  ဖန်ဆင်းပြန်သတဲ့။ ပြီးတော့ပြောတယ်။ "မင်းက လူတွေကို ပျော်တော်ဆက်ရမယ်။  သူတို့ ရယ်မောအောင် ပျော်ရွှင်အောင် မင်းလုပ်ပေးရမယ်။ ကျွမ်းထိုးပြရမယ်။ ငှက်ပျောသီးစားရမယ်။ သက်တမ်း နှစ် ၂၀ပေးမယ်။ ဆိုတော့ မျောက်က ကန့်ကွက်ပြန်တယ်။ "ပျော်တော်ဆက်ရမယ်။  ကျွမ်းလည်းထိုးပြရမယ်။ ငှက်ပျောသီးပဲ စားရမယ်ဆိုတော့  ပင်ပန်းလွန်းတယ်။ သက်တမ်း ၁၀နှစ်ဆို ရပါပြီ။ ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်တယ်။ &&&&& တတိယရက်မှာ ခွေးတစ်ကောင်ဖန်ဆင်းပြန်သတဲ့။ ပြီးတော့ ပြောတယ်။  "မင်းက အိမ်ပေါက်ဝမှာ နေရမယ်။  ရန်သူ သူစိမ်းတွေလာရင် ဟောင်ပေးရမယ်။ အိမ်ရှင်တွေစား...