ဖန်ဆင်းရှင်

ဖန်ဆင်းရှင်ကြီးဟာ..
တစ်နေ့မှာ နွားတစ်ကောင်
ဖန်ဆင်းလိုက်သတဲ့။
ပြီးတော့ နွားကိုပြောတယ်။

"မင်းလယ်ထဲမှာ တစ်နေကုန် 
လယ်သမားတွေအတွက်
လယ်ထွန်ပေးရမယ်။မြက်ပဲစားရမယ်။ 
မင်းကို သက်တမ်း နှစ် ၅၀ပေးမယ်"
ဆိုတော့.. နွားက ကန့်ကွက်တယ်။

"ကျွန်တော် အဲ့လောက် ပင်ပင်ပန်းပန်းလုပ်ရပြီးမှ 
မြက်ပဲစားရမယ် ဆိုတော့
သက်တမ်း ၂၀ပဲယူပါ့မယ်။ 
ပိုတာ ပြန်သိမ်းထားလိုက်ပါ"
ဖန်ဆင်းရှင်က သဘောတူလိုက်တယ်။
&&&&&

နောက်တစ်ရက်မှာ မျောက်တစ်ကောင် 
ဖန်ဆင်းပြန်သတဲ့။
ပြီးတော့ပြောတယ်။

"မင်းက လူတွေကို ပျော်တော်ဆက်ရမယ်။ 
သူတို့ ရယ်မောအောင် ပျော်ရွှင်အောင်
မင်းလုပ်ပေးရမယ်။ ကျွမ်းထိုးပြရမယ်။

ငှက်ပျောသီးစားရမယ်။
သက်တမ်း နှစ် ၂၀ပေးမယ်။ ဆိုတော့
မျောက်က ကန့်ကွက်ပြန်တယ်။

"ပျော်တော်ဆက်ရမယ်။ 
ကျွမ်းလည်းထိုးပြရမယ်။
ငှက်ပျောသီးပဲ စားရမယ်ဆိုတော့ 
ပင်ပန်းလွန်းတယ်။
သက်တမ်း ၁၀နှစ်ဆို ရပါပြီ။
ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်တယ်။
&&&&&

တတိယရက်မှာ ခွေးတစ်ကောင်ဖန်ဆင်းပြန်သတဲ့။
ပြီးတော့ ပြောတယ်။ 
"မင်းက အိမ်ပေါက်ဝမှာ နေရမယ်။ 
ရန်သူ သူစိမ်းတွေလာရင်
ဟောင်ပေးရမယ်။ အိမ်ရှင်တွေစားလို့
ပိုတဲ့စားကြွင်း စားကျန်တွေ
စားရမယ်။ မင်းကို ၂၅ နှစ်သက်တမ်းပေးမယ်။
ခွေးက ကန့်ကွက်ပြန်သတဲ့။

"တစ်နေကုန် အိမ်ရှေ့ပေါက်မှာ 
ထိုင်ဟောင်ပေးရမယ်။
ဟုတ်လား။ ၁၅ နှစ်ဆို တော်ပါပြီဗျာ။ 
ပိုတာ ပြန်သိမ်းထားလိုက်ပါ။
ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်တယ်။
&&&&&

စတုတ္ထရက်မှာတော့ လူတစ်ယောက်ကို 
ဖန်ဆင်းလိုက်သတဲ့။
ပြီးတော့ ပြောတယ်။ 

"မင်းက တစ်နေကုန် ဘာအလုပ်မှ
လုပ်စရာမလိုဘဲ အိပ်လိုက် စားလိုက် ပျော်လိုက် ပါးလိုက်နဲ့ဘဝကို အရသာ ရှိရှိ ဇိမ်ခံနေရုံပဲ။
မင်းကို သက်တမ်း နှစ် ၂၀ပေးမယ်။

လူက ကန့်ကွက်တယ်။
"ဒီလောက် ကောင်းတဲ့ဘဝ နှစ် ၂၀ တိုလွန်းပါတယ်။
ဖန်ဆင်းရှင်ကြီး နှုတ်ဆိတ်သွားတော့တယ်။
&&&&&

"ဒါဆို ဒီလိုလုပ်။ 
နွားက နှစ် ၃၀ ပြန်ပေးသွားတယ်။ 
မျောက်က ၁၀ နှစ်
ခွေးက ၁၀နှစ်။ အဲဒီနှစ် ၅၀ ကို 
မင်း သဘောကျရင် ယူလိုက်။ 
ဒါဆို မင်း 
နှစ် ၇၀နေလို့ရသွားမယ်။
ဖန်ဆင်းရှင်နဲ့လူသားတို့ 
သဘောတူလိုက်ကြတော့တယ်။
&&&&&

ဒါ့ကြောင့် လူသားတွေဟာ ဘဝရဲ့ အစ 
နှစ် ၂၀မှာ စားလိုက် သောက်လိုက်
ပျော်လိုက် ပါးလိုက်နဲ့ နေရပြီး၊ 
နောက် နှစ် ၃၀ လုံးလုံး နွားလို ရုန်းကန်ပြီး 
မိသားစုကိုလုပ်ကျွေး၊ နောက် ၁၀ နှစ်မှာ 
ပင်စင်ယူသွားပြီး မြေးတွေကို 
ရယ်မောအောင် ပျော်တော်ဆက်ရတဲ့ဘဝ၊ 
နောက်ထပ် ၁၀နှစ်မှာတော့ 
အိမ်မှာပဲနေရပြီး အိမ်စောင့်ရတဲ့အလုပ်ကို 
လုပ်ရပါတော့တယ်။
&&&&&

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
အခု စာဖတ်နေသူ အသက် ဘယ်လောက်ရောက်လို့
ဘာတွေများလုပ်နေပါလိမ့်နော်။  😛 😛

ဧဝံ မေ သုတံ။
ပြန်လည်မျဝေပါသည်။
#credit.... 
#mr

Comments

Popular posts from this blog

အောင်မြင်မှုဆီဘယ်လို့သွားရမလဲ

တန်ဖိုးရှိသော မိန်းကလေးတွေက ရှားတယ်

မိုက်မဲတဲ့ ယုန်