အရှုံးမပေးနဲ့ကြိုးစား
`ဘဝအတွက် ခွန်အားဖြစ်စေသော စာစုများ´
💪💪💪💪💪💪💪💪💪💪💪💪💪
- အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။
- ပြဿ နာတစ်ခုတွေ့တိုင်း ဖြေရှင်းတတ်ပါစေ။
- အခက်အခဲတွေ့တိုင်း စိတ်ဓာတ်မကျပါနဲ့။
- ဒုက္ခဆိုတာ သုခအတွက် ပထမရှေ့ပြေး။
- မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်။
- လောကဓံကို ကြံ့ကြံ့ခိုင်နိုင်မှ
လူ့ဘဝဆိုတာ ဖြောင့်ဖြူ းတာပါ။
- အပြေးသမားတစ်ယောက်က အမောမခံနိုင်ပဲ
ပန်းတိုင်ရောက်အောင် မပြေးနိုင်ဘူးလေ။
- လူ့ဘဝကလည်း ဒီလိုပဲ
မောပန်းခြင်းကို အကြောင်းပြ
ရောက်တဲ့နေရာ ရပ်နေသရွေ့
လျှင်မြန်ပါဆိုတဲ့ 'ယုန်' ကို
'လိပ်' ကတောင် အနိုင်ယူသွားသေးတာပဲ။
- ရှေ့ကလူကို နောက်ကလူက
လိုက်မှီတယ်ဆိုတာ အဲဒီ့လူကပဲ မြန်တာလား
ရှေ့ကလူကပဲ ရပ်နေတာလား စဉ်းစားကြည့်ပါ။
- ဘယ်ကိစ္စမဆို မှားမှာမကြောက်နဲ့
ရှုံးမှာမကြောက်နဲ့
ကြောက်တတ်တဲ့စိတ်ကိုပြင်
စိတ်ဓာတ်ကို အမြဲမြှင့်တင်ပါ။
- ဘဝကိုမြှင့်မှ တိုးတက်တာပါ
ဘဝင်မြင့်ရင်တော့
အောက်ကျလိမ့်မယ် သတိထား။
- ဘာကြောင့်ဖြစ်ဖြစ် အားမငယ်ပါနဲ့
စိတ်ဓာတ်မကျပါနဲ့ ဒါပေမယ့်...
လောကကြီးက ဒုက္ခတစ်ခုပေးတိုင်း
အခက်အခဲတစ်ခုပေးတိုင်း
ပြဿ နာတစ်ခုပေးတိုင်း
သင်ခန်းစာယူဖို့တော့ မမေ့ပါနဲ့။
- ဘာကြောင့်ဆို
အခက်အခဲနဲ့ ဒုက္ခဆိုတာ
ကျွန်တော်တို့ လူသားတွေအတွက်
ပြီးဆုံးတယ်ဟူ၍ မရှိနိုင်ပါဘူး။
______________________________________
မူရင်းရေးသူအား
#Credit_ပေးပါသည်
Comments
Post a Comment