စိတ်ကောင်းထားပါ
❝ စိတ်ကောင်းထားပါ ❞
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။
ဘာမှမပိုင်ရင်တောင် ဒီတစ်ခုကိုတော့
ပိုင်အောင် လုပ်သင့်ပါတယ်။
ဒေါသနဲ့ ဝေးဝေးနေပါ။
ဒေါသက နာကျင် မှုတွေပေးလို့ပါ။
သင်ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုရောပေါ့။
တစ်မိနစ်ဒေါသထွက်ရတိုင်း စက္ကန့် (၆ဝ)စာ
ပျှော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။
ကိုယ်ကမှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ။
တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင်လည်း
ကိုယ်ကဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို
နားလည်လိုက်ပါ။
မိသားစုဝင်တွေအပေါ် သည်းခံခြင်းဟာ
ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်။
တခြားသူတွေအပေါ် သည်းခံခြင်းဟာ
လေးစားမှုကို ဖော်ညွှန်းတယ်။
ကိုယ့်ကိုယ်ကို သည်းခံနိုင်ခြင်းဟာ
မိမိကိုယ်ကိုယုံကြည်မှုရှိတာကို ဖော်ညွှန်းတယ်။
အခြေအနေတွေကို အလိုက်သင့်သည်းခံခြင်းဟာ
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းကို
ဖော်ညွှန်းတယ်။
အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့။
မျက်ရည်တွေပဲ ကျလာရင်
ကိုယ်ပဲ ဝမ်းနည်းရမယ်လေ။
အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့။
စိုးရိမ်ကြောက်ရွံ့မှုတွေ အားငယ်မှုတွေက
သင့်ကိုနှိပ်စက်လာလိမ့်မယ်။
ပစ္စုပ္ပန် လက်ရှိအချိန်မှာ အကောင်းဆုံးစိတ်ထား
အကောင်းဆုံးအလုပ်တွေနဲ့ နေထိုင်ပါ။
ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်။
ဒါက လက်ဆောင်မွန် ဖြစ်လာပါလိမ့်မယ်။
ဘဝရဲ့စမ်းသပ်ချက်တိုင်းက ပိုမိုကောင်းမွန်
လာစေသလို ပိုပြီးခါးသီးသွားစေနိုင်တာလည်း
ရှိတတ်တာကို မေ့မထားပါနဲ့ ။
ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ
အတွေ့အကြုံကောင်းကိုတည်ဆောက်ပေးနိုင်သလို အမှားအဖြစ်လည်း သင့်ကိုချိုးဖျက်နိုင်ပါတယ်။
ဒူးထောက်မလား ဆက်လျှောက်မလား ဆိုတာကတော့
သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်။
လှသောတဲ့အရာတိုင်းဟာ
အမြဲတမ်းမကောင်းနိုင်ပေမယ့်
ကောင်းတဲ့အရာတိုင်းကတော့အမြဲတမ်းလှနေပါတယ်။
ပြောရရင် လှတာထက် ကောင်းတာကို ဦးစားပေးဖို့ပါ။
ပျော်ရွှင်မှုဟာ သင့်ကိုချစ်ဖွယ်သော
အရာတွေကို ယူဆောင်ပေးတယ်။
ဒါကြောင့် အမြဲပျော်ရွှင်နေရအောင်
တတ်နိုင်သမျှ ကြိုးစားသင့်တယ်။
အနည်းဆုံးတော့ ပြုံးလိုက်ပါ။
ဘဝအတွက်ခွန်အားဖြစ်စေသောစာပေများ
မူရင်းရေးသူအား
#Credit_ပေးပါသည်
မေတ္တာဖြင့်တဖြင့်ပြန်လည် မျှဝေပေးပါသည်
Comments
Post a Comment