တန်ဖိုးရှိသော မိန်းကလေးတွေက ရှားတယ်
တန်ဖိုးရှိသော မိန်းကလေးတွေက ရှားတယ်
- - - - - - - - - - - - - - - - - - - - - - - - - - - - -
တစ်ချို့ကပြောကြတယ် မိန်းမ မရှားဘူးတဲ့
"ကျနော်အတွက်တော့ အရမ်းရှားတယ်"
ကိုယ်မပြည့်စုံတဲ့အချိန်
အနားမှာ ရှိပေးနိုင်တဲ့ မိန်းကလေး ရှားတယ်။
ကိုယ့်အပေါ် သစ္စာတရား တည်မြဲနိုင်တဲ့
မိန်းကလေး ရှားတယ်။
ကိုယ့်ရဲ့ နောက်ကွယ်မှာ အနေတည်ငြိမ်ပြီး
မဖောက်ပြန်တဲ့ မိန်းကလေး ရှားတယ်။
ကိုယ့်ရဲ့ အားငယ်ချိန်ရော ပျော်ရွှင်ချိန်မှာပါ
တူတူမျှဝေခံစားပေးတဲ့ မိန်းကလေး ရှားတယ်။
ကိုယ်ဆိုးနေချိန် လိမ်မာအောင် စိတ်ရှည်လက်ရှည်
ပြုပြင်ပေးတတ်တဲ့ မိန်းကလေး ရှားတယ်။
ကိုယ့်ရဲ့ အားနည်းချက်ကို အပြစ်မတင်ပဲ
ဂရုစိုက်ပေးတတ်တဲ့ မိန်းကလေး ရှားတယ်။
ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း
လိုက်လျောညီထွေ နေပေးနိုင်တဲ့ မိန်းကလေး ရှားတယ်။
မိခင်တစ်ယောက်လို ကြင်နာမှု ပေးနိုင်တဲ့
မိန်းကလေး ရှားတယ်။
ကိုယ့်ထက်သာနေတာ မြင်ရင်တောင်
ကိုယ့်ကိုပဲ ရွေးချယ်တဲ့ မိန်းကလေး ရှားတယ်။
အမြဲတမ်း ကိုမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
ကိုယ့်ဘက်ကို ရပ်တည်ပေးတဲ့ မိန်းကလေး ရှားတယ်။
ဘယ်အရာမဆို သူများသွေးထိုးနေတာထက်
ကိုယ့်ပြောတဲ့စကားကိုပဲ ယုံကြည်ပေးတဲ့
မိန်းကလေး ရှားတယ်။
ခင်ဗျာတို့ မရှားဘူးလို့ပြောတဲ့ မိန်းမတွေက
ပေါ့ပျက်ပျက် အမျိုးအစားထဲမှာပဲ ရှိချင်ရှိမယ်။
ကျနော်အတွက်တော့ နတ်သမီးလိုမျိုး ရှားတယ်။
ဘယ်အရာမဆို အဖိုးတန်တဲ့ပစွည်းတွေက
လွယ်လွယ်ကူကူ မရတတ်ပါဘူးလေ....
ရှားပါးတဲ့ မိန်းကလေးမျိုးကို တွေ့ဆုံရတဲ့တစ်နေ့
ကျနော် အမြတ်တနိုး တန်ဖိုးထားမိမှာ အမှန်ပဲဗျ....😊
Comments
Post a Comment