သူ့နေရာနဲ့သူ

သူ့နေရာနဲ့သူ
____________________

ငွေဆိုတာ ……… 

သုံးတတ်ရင် ခိုင်းစားလို့ရပေမယ့်
မသုံးတတ်ရင် ငွေက ကိုယ့်ကို
ပြန်နှိပ်စက် ဘဝပါပျက်တယ် ။ 

အပျော်ဆိုတာ ……… 

ပျော်သင့်တဲ့ အတိုင်းအတာ ပျော်ရင်
စိတ်ကို ကြည်လင်လန်းဆန်းပေမယ့်
အတိုင်းအတာ တစ်ခုထက် အပျော်ကြူးရင်း နာမည်ပါပျက်
ဘဝပါပျက်တယ် ။ 

အပြုံးဆိုတာ …… 

ပြုံးတာနှစ်လို့ဖွယ် ကောင်းပေမယ့်
သူတစ်ပါး ဝမ်းနည်းနေချိန်
ဒုက္ခရောက်နေချိန် ပြုံးမိရင်
အမုန်းခံ အထင်လွဲခံရတယ် ။ 

နာကျည်းတယ်ဆိုတာ …… 

နာကျည်းတာကြောင့် မခံချင်စိတ်နဲ့
ကြိုးစားအလုပ် လုပ်ရင်
ဘဝအောင်မြင်မှုတွေ ရရှိပေမယ့်
နာကျည်းတဲ့အတွက်ကြောင့်
ဂလဲ့စားချေတဲ့ စိတ်ထားရင်း
ပူလောင်ရတယ် ။ 

လုပ်ငန်းဆိုတာ …… 

မိမိဘာ့ကြောင့် မအောင်မြင်ရတာလဲဆိုတာ
အဖြေရှာကြည့်ပါ။ မအောင်မြင်တိုင်း
ကံကြမ္မာ အပြစ်ပုံချရင်
အကျင့်ပါသွားတတ်တယ် ။
ကံပေးပေမယ့် ဉာဏ်မပါရင်
ချမ်းသာဖို့ နည်းပါတယ် ။ 

ပေးကမ်းတယ်ဆိုတာ ……… 

စည်းစနစ်တကျ ပေးကမ်းတတ်ဖို့လိုတယ်
အပေးမတတ်ရင် မိမိကွယ်ရာမှာ
မိမိက ငပေါကြီးလိုလို
အမြှောက်ကြိုက်ကြီးလိုလို
ဖြစ်တတ်တယ် ။ 

သည်းခံတယ်ဆိုတာ ……… 

အတိုင်းအတာ တစ်ခုထိပဲ ကောင်းတယ် ။
မိမိဂုဏ်သိက္ခာထိပါးလာတဲ့ လုပ်ရပ်တွေကို
ပြုံးပြုံးလေး ပြန်လည်ချေပတတ်ဖို့
လိုတယ် ။ 

လဲကျတယ်ဆိုတာ ……… 

စိတ်တော့လဲမကျနေနဲ့ စိတ်ရောလဲကျရင်
အရာအားလုံးဆုံးရှုံးရတယ် ။
ကျနေတဲ့စိတ်ကို ပြန်လည်ကောက်ယူနိုင်ဖို့
လိုတယ် ။ 

ချစ်သူက ပစ်ထားလို့ ငိုကြွေးမနေပါနဲ့။
သင့်ရဲ့ ဖူးစားအစစ်အမှန်
မဟုတ်သေးလို့ပါပဲ ။ 

လုပ်ငန်းမှာ အတိုက်အခံရှိနေလို့
စိတ်ဆိုး ဒေါသထွက်မနေပါနဲ့ ။
သင်ကြိုးစားချင်အောင် အမြင့်ဆုံး

တွန်းပိုးတဲ့သူလို့ မှတ်ယူလိုက်ပါ ။
တချို့ အတိုက်အခံတွေကြောင့်
သင်ပိုကြိုးစားဖြစ်တယ် ။ 

လူရယ်လို့ ဖြစ်လာရင်
ဘယ်အရာမှ အရှုံးမပေးပါနဲ့ ။
ကြိုးစားရင် အမြတ်ပါပဲရှင် ။ 

Crd to oranginal uploader
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

Comments

Popular posts from this blog

အောင်မြင်မှုဆီဘယ်လို့သွားရမလဲ

တန်ဖိုးရှိသော မိန်းကလေးတွေက ရှားတယ်

မိုက်မဲတဲ့ ယုန်