တန်ဖိုး
တန်ဖိုး ❀ ❀ ❀ တစ်ခါတုံးက ရွာတစ်ရွာ မှာ ရေထမ်း တဲ့လူ တစ်ယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။ အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်း ကနေ သူ့အိမ်ဘက် ရေသယ် လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်၀က် ပဲ ပါသတဲ့။ ကျန်တဲ့ အိုးတစ်လုံး ကတော့ အပြစ် အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်း ကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။ ဒီလိုနဲ့ အိမ်ရောက်ရင် အိုး တစ်လုံး နဲ့ တစ်၀က် ပဲ... ရေသယ် လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုး အကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူ သတဲ့။ ငါက အပြစ် အနာအဆာ မရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။ အက်နေတဲ့ အိုးကလေး က စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများ လို အပြည့်မသယ်နိုင်ဘူး... တစ်၀က်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲ ၀မ်းနည်း နေတယ်တဲ့။ ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေး က ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ရှက်မိပ...